ဆက်ရန်...........
နေ့ခင်းနေ့လယ်ပျင်းပျင်းရှိတာနဲ့မောင်ငယ်လက်ဆောင်ပေးတဲ့ အရှင်ဆေကိန္ဒရဲ့‘ဝေးလေကောင်းလေ” ဟူသော စာအုပ်ကိုဖတ်နေမိတယ် ဆရာတော်ရဲ့တရားအရဆိုရင် ချစ်တဲ့သူနဲ့ဝေးတာကောင်းပေမယ့် ကွေကွင်းရခြင်းဒုက္ခကလည်းမသေးလှဘူးဆိုတာ ဘုန်းဘုန်းကိုပြောပြချင်ပါတယ်။
နေပါဦး…….ကိုငယ်က ဘာလို့ကျွန်မကို “ဒီစာအုပ်က မမကြီးဖတ်ဖို့”ဆိုပြီး ပေးရတာလဲ။
ဟင်..ဒင်းကငါ့ကို အိုနေပြီ မှတ်နေလားမသိဘူး။ ဟုတ်တော့လည်းဟုတ်ပါတယ်လေ။
အသက်ကလေးဆယ်နားနီးနေပြီဆိုတော့ အဘွားကြီးပဲပေါ့.။(၃၈)နှစ်ဆိုတဲ့
အချိန်ကလည်း ကျွန်မကို ရင့်ကျက်မှုတွေ ပေးစွမ်းနိုင်သည်သာမက ဟန်ဆောင်ထိန်းချုပ်မှုတွေကိုပါ သင်ကြားပေးလိုက်နိုင်ပါတယ်။
ကျွန်မ၏ဘ၀တွင် ပညာရေး၊လူမှုရေး၊အချစ်ရေး၊စီးပွားရေး၊ကျန်းမာရေး၊မိသားစု ဟူသော အခြေအနေအရပ်ရပ်ကို ဗေဒင်မေးဖို့ ကြံရွယ်ပါက တစ်ခုကလစ်လပ်နေလိမ့်မည်။အဲဒါကဘာလဲဆိုတော့ အချစ်ရေးနှင့်တစ်ကွ
အိမ်ထောင်ရေးပင်ဖြစ်မည်။သို့သော် ထိုကိစ္စအတွက် ကျွန်မ၏ဆုံးဖြတ်ချက်
သည် ဘယ်အခါမှ မှားယွင်းသည်ဟု မထင်မိပေ။မှန်ပါသည်ဟု မဆိုသာသော်
လည်းအနည်းငယ်တော့ လွဲချော်နေခဲ့သည်။အိမ်မှုကိစ္စနှင့်ပက်သက်ပြီး ၀ါသနာ
မပါသော ကျွန်မကို ဘယ်ခင်ပွန်းကမှလက်ခံနိုင်လိမ့်မည် မထင်ပါ။အမေကတော့ အခုချိန်ထိ စကားဆက်တိုင်းပြောနေတုန်းပင်။
“မိသွဲ့….နင်ဟာလေ နားလည်တာလွန်နေတယ်"လို့ပင်ဖြစ်သည်။ကျွန်မလည်း အမေကို ခွန်းတုံ့မပြန်ချင်ပါ .ကျွန်မနှင့်သူသည် နားလည်မှုလိုလို့ မပေါင်းဖက်
ဖြစ်တာမှ မဟုတ်တာ။နားလည်းမှုက ပိုလို့တောင်နေသေးသည်။ယခုတော့ ကျွန်မဘ၀ကို ကျွန်မလက်ခံနိုင်ပါသည်။မြို့လည်ခေါင်မဟုတ်သော နေရာမှာ ကွန်ဒိုတစ်ခု၊ စလွန်း”အ” နံပါတ်လေးတစ်စီး နှင့် အိမ်အကူ ကောင်မလေး တစ်ယောက်ကိုလည်း အဝေးသင်ထား ပြီးခေါ်ထားနိုင်သည့်အပြင် အမေနှင့်အဖေကိုလည်း လတိုင်းထောက်ပံ့နိုင်သည်။ ကျွန်မ သာ အိမ်ထောင်ကျခဲ့လျှင် အခုလိုနေနိုင်မည် မထင်ပါ။ကိုယ်အတွေးနှင့်ကိုယ်ကျေနပ်ကာ ပြုံးနေမိလေသည်။
http://www.allhtmlcodes.com/layouts/animated-4.html
|